Health Skin

Unicode ~~~~. မျက်နှာအတွက် ဆေးထိုးတာနဲ့ပတ်သက်ပြီး… | by Phyo Wai Yan | Aug, 2021

Unicode ~~~~

မျက်နှာအတွက် ဆေးထိုးတာနဲ့ပတ်သက်ပြီး လာမေးထားလို့ပါ

အဲ့ဒါကြောင်း ရှဲပေးလိုက်ပါတယ်ဟယ်

ဆေးထိုးတာတွေနဲ့ ပတ်သက်ပြီးလည်း တစ်နေ့နည်းနည်းချင်းဆီ တင်ပေးပါ့မယ်

စလိုက်ရအောင်….

PRP Treatment ဆိုတာဘာလဲ?????

ကိုယ်ရဲ့သွေးကို ယူပြီး Platelet ဆိုတဲ့ ပန်ကန်ပြားပုံစံ သွေးမှုန်လေးတွေရအောင် Centrifuged ငါးမိနစ်လောက်လှည့်လိုက်ပါတယ်

အဲ့အခါမှာ Platelet ကြွယ်ဝတဲ့ သွေးရည်ကြည် Platelet Rich Plasma ရလာပါတယ်

သူ့ကို PRP လို့အတိုခေါက်ခေါ်ပြီး PRP ကိုမျက်နှာပြန်ထိုးပြီးကုသတဲ့နည်းဖြစ်တာကြောင့် PRP Treatment ဆိုတာ ဖြစ်လာပါတယ်

PRP သွေးရည်ကြည်က ဘာတွေ အကျိုးထူးမှာလဲ????

ကောင်းကျိုးများစွာရှိပါတယ်

အသားရောင်နဲ့ အသားရေတွေကို ညီညာစေပါတယ်

အရေအကြောင်းတွေနဲ့ အမာရွတ်တွေကိုလည်း သက်သာစေပါတယ်

ကော်လဂျင်တွေ၊ အီလက်စတင်တွေဆိုတဲ့ ကောင်တွေထွက်စေတာကြောင့် မျက်နှာနိုပျိုလှပလာနိုင်မှာပါ

ဆဲလ်ထုတ်လုပ်မှုနှုန်းကိုလည်းများစေတာကြောင့် ပိုမိုသစ်လွင်တဲ့ မျက်နှာအရေပြားဆဲလ်တွေရရှိလာနိုင်ပါတယ်

ဘယ်သူတွေက PRP Treatment ယူသင့်သလဲ???

ဘယ်သူမဆိုယူလို့ရပါတယ်

အရွယ်တင်နုပျိုချင်တဲ့သူတွေ၊ အသားရေလှပချင်တဲ့သူတွေ၊ အိုမင်းရင့်ရော်လာတဲ့သူတွေ ဘယ်သူမဆို လုပ်သင့်ပါတယ်

နောက်ထပ်ကောင်းတာတစ်ခုကတော့ လေဆာနဲ့ အခြားမျက်နှာ Treatment တွေတော်တော်များများမလုပ်နိုင်တဲ့ မျက်လုံးအောက်အရေပြားကိုပါ တိုးတက်စေပါတယ်

မျက်လုံးအောက်အရေပြားဆိုတာ ပထမဆုံး အိုမင်းရင့်ရော်တဲ့နေရာပါ

မင်မင်တောင် နည်းနည်းအိုချင်လာပါပြီ

ဒါ့အပြင် နှစ်နဲ့ချီပြီး စုပုံလာတဲ့ နေရောင်ကြောင့်အသားရေပျက်စီးမှုတွေကိုလည်း ပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်

PRP Treatment ဆိုတာ ခေတ်သစ်နည်းလမ်းလား????

မင်မင်တို့ဆေးပညာပိုင်းမှာတော့ အမုန်းသုံးလာကြတာပါ

သွေးရောဂါရှိတဲ့သူ သွေးယိုတာများတဲ့သူတွေကို သွင်းလာတာကြာပါပြီ

အားကစားဆေးပညာမှာလည်း သူရဲ့ဒဏ်ရာကုစားနိုင်စွမ်းကြောင့် သုံးလာတာလည်း ကြာခဲ့ပါပြီ

၁၉၀ ခုနစ်လောက်ကတည်းကဆိုတော့ မင်မင်တောင်မမွေးသေးပါဘူး

မင်မင်က 98 Born လေးဆိုတော့ နုဖတ်အုအက်ဘုချက်လေးလေနော် 😒

ဘေးကင်းရဲ့လား????

ကုသနည်းတစ်ခုဟာ အကြမ်းဖျင်းအားဖြင့် ပေါ်တာကြာလေ ဘေးကင်းလာလေပါ

သူကလည်းကြာခဲ့ပြီဆိုတော့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာပြီးသလောက်ဖြစ်နေပါပြီ

နောက်တစ်ခုကတော့ ကိုယ်သွေးကိုပြန်ယူပြီး ထိုးတာမို့လို့ သိပ်ကိစ္စမရှိပါဘူး

ရောဂါလည်း မကြောက်ရသလို ဓာတ်မတည့်မှုတွေလည်း မဖြစ်ပါဘူး

BB Glow Treatment ကတော့ ပြင်ပပစ္စည်းထည့်ရတာကြောင့် မင်မင်သိပ်သဘောမကျတာပါ

PRP Treatment ကို ခန္ဓာကိုယ်ဘယ်အပိုင်းတွေမှာ သုံးလို့ရမလဲ???

မျက်နှာ၊ ပါး၊ မျက်လုံးတစ်ဝိုက်အရေပြား၊ လည်ပင်း၊ ညှပ်ရိုးတစ်ဝိုက်နဲ့ ရင်ဘတ်အပေါ်တို့မှာ သုံးလို့ရပါတယ်

PRP Treatment က ဘေးထွက်ဆိုးကျိုးတွေရှိနိုင်မလား???

သူကတော့ တော်တော်နည်းပါတယ်

မျက်နှာကို အပ်နဲ့ထိုးတာမို့လို့ အပ်နဲ့ထိုးတာကြောင့်ရမယ့် ဆိုးကျိုးတွေလောက်ပဲရှိမှာပါ

ပိုးဝင်တာ၊ အာရုံကြောနည်းနည်းထိုးမိတာ၊ အပ်ထိုးတဲ့နေရာမှာနာတာနဲ့ ထိုးတဲ့နေရာမှာ တစ်ရှုးနည်းနည်းပျက်စီးတာလောက်ပါပဲ

ဒါကလည်း တာဝန်အရမို့လို့ ပြောရတာပါ
ဖြစ်တာရှားပါတယ်

အချုပ်ပြောရမယ်ဆိုရင်….

မင်မင်ကတော့ ကြိုက်ပါတယ်

ကိုယ့်သွေးကိုပြန်ထိုးတာမို့လို့ ပြင်ပပစ္စည်းမဟုတ်တော့ စိတ်သန့်တာပေါ့

BB Glow Treatment အစား ဒါလေးလုပ်ကြည့်ပေါ့ဟယ်

လှပချောမောပြီး လင်သုံးယောက်ရလာမှာပါ

ဟုန်…ကျေးဇု…ပိပိ

Zawgyi Font ~~~~




စလိုက်ရအောင်….






















၁၉၇၀ ခုနစ်လောက်ကတည်းကဆိုတော့ မင်မင်တောင်မမွေးသေးပါဘူး


ဘေးကင်းရဲ့လား????












ဖြစ်တာရှားပါတယ်






ဟုန်…ကျေးဇု…ပိပိ

#PhyoWaiYan

#LibraAestheticScience

#PRPTreatment


Source link

Related Articles

Leave a Reply

Back to top button